“Review “
ပန်ဒိုရာသေတ္တာကို အားလုံးကြားဖူးလောက်မယ်ထင်ပါတယ်။ ဘုရားသခင်ကပန်ဒိုရာကို သေတ္တာတစ်လုံးပေးခဲ့တယ်။ အဲ့ဒီသေတ္တာကို လုံးဝမဖွင့်ဖို့မှာထားပေမယ့် စူးစမ်းချင်စိတ်နဲ့သိချင်စိတ်ကို တားမရတဲ့အဆုံး ပန်ဒိုရာဟာ သေတ္တာကိုဖွင့်ခဲ့မိတယ်။ အဲ့လိုနဲ့ ကမ္ဘာပေါ်ကို မကောင်းတဲ့အရာတွေ ကံဆိုးမိုးမှောင်ကျမှုတွေရောက်လာတော့တယ်။ ပန်ဒိုရာက အဖုံးကိုအမြန်ဆုံးပြန်ပိတ်ခဲ့ပေမယ့် အဲ့ဒီသက်ရောက်မှုတွေကိုတော့တားလို့မရခဲ့ပါဘူး။
ဒီ Anime ထဲမှာကတော့ character တွေက ပန်ဒိုရာဆိုတဲ့ အပျိုစင်အကြောင်းကိုတော့ သိကြပေမယ့် သေတ္တာကိုဖွင့်ခဲ့တယ်ဆိုတဲ့အချက်ကတော့ ဒဏ္ဏာရီထဲမှာ ရှိမနေခဲ့ပါဘူး။ အဲ့ဒီအစား pithos လို့ခေါ်တဲ့ ကောင်းကင်ပေါ်မှာ မျောလွင့်နေတဲ့ သေတ္တာအမည်းတစ်ခုရှိပြီးတော့ လူသားမျိုးနွယ်မျိုးတုန်းမှုကို ရှောင်ရှားဖို့ နတ်ဘုရားတွေက ဖန်ဆင်းခဲ့တာဖြစ်တယ်။ အဲ့တာကိုဖွင့်တဲ့သော့အဖြစ် ရွှံရုပ်တစ်ရုပ်ကိုလည်း နတ်ဘုရားတွေကဖန်ဆင်းခဲ့ပါသေးတယ်။ အဲ့ဒီသေတ္တာထဲမှာ ကမ္ဘာကြီးကိုကယ်တင်ဖို့ မျှော်လင့်ချက်တွေရှိတယ်လို့ ထင်ထားကြပေမယ့် တကယ်တမ်းသေတ္တာထဲမှာရှိတာက စိတ်ပျက်အားလျော့မှုတွေဖြစ်နေခဲ့တဲ့အခါ…
ပြီးတော့ အစပိုင်းမှာတင် တွေ့ရမယ့် Erika Ainsworth နဲ့ Ainsworth တွေ ကိုခေါင်းဆောင်တဲ့ Julian sama ကတော့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် သေတ္တာကိုဖွင့်ဖို့ကြိုးစားနေကြတယ်။ သူတို့ရဲ့တကယ့်ရည်ရွယ်ချက်ကရောဘယ်လိုဖြစ်မလဲ။ သူတို့ကိုတားမယ့်သူတွေကတော့ Iliyasaviel , Miyu နဲ့ Kuro ဆိုတဲ့ကောင်မလေးတွေဖြစ်ပါတယ်။ သူတို့ကရောဘာရည်ရွယ်ချက်နဲ့ တားမှာလဲ။ အမှန်တရားက ဘာဖြစ်မလဲ။ သူတို့နှစ်ဖက်ကြားထဲမှာ ဘယ်လိုမှော်အစွမ်းတွေသုံးပြီး တိုက်ခိုက်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်။