Dragonfly (2002)

Genre – Mystery, Thriller, Drama

IMDB Rating – 6.1/10

“အရမ်းချစ်ရတဲ့လူတစ်ယောက် သေဆုံးသွားရင်… တကယ်ပဲ ထာဝရ ပျောက်ကွယ်သွားပြီလား…” ဗင်နီဇွဲလာဒုက္ခသည်စခန်းမှာ လုပ်အားပေးသွားလုပ်နေတဲ့ ဆရာဝန် Joe ရဲ့ ဇနီးဖြစ်သူ ဆရာဝန် Emily ဟာ ပြည်တွင်းစစ်ကြောင့် မိုးရွာထဲရှောင်ပြေးကြရင်း ကားမှောက်သေဆုံးသွားခဲ့ပါတယ်။ (အလောင်းရှာမတွေ့ပါ) Joe ဟာ ပူဆွေးသောကရောက်ပြီး အနားမယူပဲ ဇနီးသည်ကိုမေ့နိုင်အောင် အလုပ်တွေကို အများနဲ့ဆန့်ကျင်ပြီး ကြိုးစားလုပ်ကိုင်နေခဲ့ပါတယ်။ ထိုအချိန်မှာ ဇနီးသည်ကစောင့်ရှောက်ဖို့ မှာခဲ့တဲ့ လူနာကလေးလေးတွေဆီက သေခါနီးဖြစ်ရပ်တွေကနေ Joe ကို တစ်ခုခုဆက်သွယ်ချင်သလို ဖြစ်လာတဲ့အခါ… ဇနီးသည်က တကယ်ပဲသေဆုံးသွားခဲ့တာလား…. Joe တစ်ယောက်ပူဆွေးမှုတွေနဲ့ ထင်ယောင်ထင်မှား ဖြစ်နေတာလား ဆိုတာတော့…. Robin Hood နဲ့ The Bodyguard မင်းသားကြီး Kevin Costner ပါဝင် သရုပ်ဆောင်ထားတဲ့ လျှို့ဝှက်သည်းဖို ဒရမ်မာကားလေးတစ်ကားဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်တွေကလည်း အစွမ်းပြထောက်ပံ့ထားပါသေးတယ်။ နောက်ပြီး Mystery type ဆိုတော့ တစ်ခါကြည့်ပြီးရင် နောက်တစ်ခါ ကြည့်လို့မရတဲ့ကားအမျိုးအစားပါပဲ။ ဇာတ်အသွားအလာလေး နည်းနည်းလေးသယောင်ရှိပေမယ့် စိတ်ဝင်စားဖို့ကောင်းတာရယ် ဇာတ်သိမ်းလေးတော်တော်လှပတာကြောင့် အပြီးထိ ကြည့်စေချင်ပါတယ်။ ကျွန်တော်ကတော့ MM sub page တွေမှာ မမြင်မိတာနဲ့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်လို့ ခံစားပေးကြပါဦး…

Download Link

(Dubox)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s