Genre – Drama, Romance, Comedy
IMDB Rating – 6.6/10
Jay ဟာ ချမ်းသာတဲ့မိသားစုကဆိုပေယ့် LA မှာ အမှီအခိုကင်းပြီး မိန်းမပွေရှုပ် လောင်းကစားလုပ်ပြီး အကြွေးတွေတင်ကာ ခံဝန်ကတိနဲ့ နေနေရတဲ့လူတစ်ယောက်ပါ။
တစ်နေ့တော့ သူခံဝန်နဲ့ သန့်ရှင်းရေးလုပ်နေရတဲ့ စိတ်ရောဂါကုဆေးရုံမှာ ဖိနပ်စီးရတာကြောက်တဲ့ Daisy ဆိုတဲ့ကောင်မလေးတစ်ယောက် နားထဲမှာအသံတွေကြားပြီး မိခင်ကိုသတ်တယ်ဆိုလို့ ရောက်လာပါတယ်။
အဲဒီအချိန်မှာ Jay တစ်ယောက် အကြွေးရှင်ကပြန်မဆပ်ရင် သတ်တော့မှာမို့ ပိုက်ဆံလိုပြီး သူ့ညီအရင်း မင်္ဂလာဆောင်ရှိနေတဲ့အခါ မိဘတွေကလည်း ကောင်မလေးရှိရင် ခေါ်ခဲ့ပါဆိုလို့
Daisy ကို သူ့ကောင်မလေးဆိုပြီး အိမ်ကိုခေါ်သွားကြတဲ့အခါမှာတော့…..
ဒီကားလေးက တခြား Page တွေ မပြန်ကြလို့ မဟုတ်ပါဘူး၊ ကျွန်တော်ကိုယ်တိုင် ကြိုက်လွန်းလို့ ကိုယ့်လက်ရာလေးကိုယ် ပြန်သိမ်းထားချင်လို့ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် စထွက်ကတည်းက ကြည့်မိပြီး ခုထိ အကြိုက်ဆုံး Rom-com ဒရမ်မာတွေထဲက ဇာတ်ကားတစ်ကားဆိုလည်း ဟုတ်ပါတယ်။
ကြိုက်မိတဲ့အဓိက အကြောင်းရင်းကတော့ ကလေးလေးတစ်ယောက်လို ဖြူစင်မှု ရိုးသားမှုတွေနဲ့ အချစ်ကိုစတင်ခံစားရပုံကို
အကောင်းဆုံး သရုပ်ဆောင်ပုံဖော်ပေးနိုင်တဲ့မင်းသမီးလေး Evan Rachel Wood ကြောင့်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။
Jay နေရာမှာလည်း Hugh Jackman နဲ့ ခပ်ဆင်ဆင်ဖြစ်တဲ့ မင်းသား Scott Speedman ပါဝင် သရုပ်ဆောင်ထားပါတယ်။
Rating အနေနဲ့ကလည်း PG-13 ဖြစ်တဲ့အတွက် မိသားစုဝင်များနဲ့လည်း ခံစားလို့ဖြစ်ပါတယ်။
Download Link