Grave Encounters 2011

Genre – Horror, Mystery

ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ် ပရလောကဖြစ်ရပ်မှန်ဆိုပြီး ဂျင်းပါးပါးပုတ်ပြီး ဆေးရုံ သချိုင်းစသဖြင့် နေရာတွေမှာရိုက်ကူးနေတဲ့ တီဗီအစီအစဉ်အုပ်စုရဲ့ မတည်းဖြတ်ရသေးတဲ့ စိတ်ကျန်းမာရေးဆေးရုံက ၇၆ နာရီကျော်ကြာ ဗီဒီယိုမူကြမ်းတွေကို ရရှိထားတဲ့ ထုတ်လုပ်သူက ပြန်ပြပေးတဲ့အနေနဲ့ တင်ဆင်ထားတာပါ။ အဖွဲ့နာမည်က Grave Encounters (သေခြင်းတရားနဲ့ ဆုံတွေ့သူများ) အဖွဲ့ဝင်က ခေါင်းဆောင် Lance၊ ကင်မရာသမား Sash နဲ့ TC၊ နည်းပညာသမား Mike ရယ် စိတ်စွမ်းအားရှင်လိုဘာညာ Houston တို့ ပါဝင်ပါတယ်။ ဒီဇာတ်ကားမှာဖြစ်ပျက်သွားတာက အပိုင်း ၆ ရိုက်ကူးဖို့ စိတ်ကျန်းမာရေးဆေးရုံပျက်ကြီးမှာ ၈ နာရီကျော် Lockdown ချ ညအိပ်ရင်း မယုံကြည်သူတွေကို ဘယ်လိုသက်သေပြခံရမလဲ စောင့်ကြည့်ရမှာပါ။ ဒီကားကလည်း အရင်တစ်ခါလို Documentary Horror အမျိုးအစားဆိုပေမယ့် ဇာတ်လမ်းကသွက်တယ်၊ Plot မပါပေမယ့် ကြည့်ရှုသူကို ဆွဲခေါ်သွားနိုင်တယ် နာရီဝက်လောက်ကနေစပြီး တစ်ကားလုံးကြမ်းတော့တာပဲ (ရှေ့ပိုင်းပျိုးထားတာတွေလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်)။ ပုံမှန်သရဲကားတွေလိုမျိုး Jump Scare သုံးတာလည်းရှားပြီး ကင်မရာရှုထောင့်တွေ ညကြည့်မြင်ကွင်းတွေကလည်း ခြောက်ချားစရာဖြစ်နေမှာတော့ အမှန်ပဲ။ ခြောက်တဲ့သရဲတွေ နေရာတွေကလည်း ဖြစ်ကတတ်ဆန်းခြောက်နေတာမဟုတ်ပဲ သူ့ဇာတ်ကွက် သူ့ဇာတ်လမ်းသူ ဖြစ်နေတော့ စိတ်ဝင်စားဖို့လည်းကောင်းတယ်။ နောက်ပြီးတော့ တောခြောက်တယ်ဆိုတာ အားလုံးကြားဖူးကြမှာပါ ခုဟာကလည်း ဒီလိုမျိုး ခပ်ဆင်ဆင်ဇတ်ကွက် တစ်မျိုးလည်းဖြစ်လို့ ဆောင်းတွင်းအေးအေးလေး ကွေးရင်း ခံစားနိုင်ကြပါစေဗျာ…

Download Link

(StreamSb) (Dubox)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s