Genre – Musical, Comedy, Romance
Marilyn Monroe ဆိုရင် ကျွန်တော်တို့ဆီမှာ မသိတဲ့လူ ရှိမယ်မထင်ဘူးနော် အမေရိကန်မှာ စစ်ပြီးခေတ် မင်းသမီးဆိုရင် သူမှသူဖြစ်ခဲ့တယ်မဟုတ်လား…
နာမည်အကြီးဆုံး ပြယုဒ်ဆိုရင် စကပ်အဝဲလေးကို လက်လေးနဲ့အုပ်ထားတာတို့ မျက်နှာမှာ မှဲ့ကလေးနဲ့ ဆံကေသာအကောက်လေးနဲ့ဆိုလည်း သူမှပေါ့ဗျာ
ဒါကြောင့် အခုခေတ်ဇာတ်ကားတွေ ကြည့်ရတာ ရိုးနေကြမှာဆိုလို့ သူ့ကားတွေထဲက နာမည်ကြီးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ရတယ်ဗျာ။ ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ ပိုက်ဆံမက်ပြီး
သူဌေးမှ လူထင်တဲ့ အကမယ်လေး Lorelei ရယ် အချစ်ကို ဦးစားပေးတဲ့ Dorothy ရယ်က သူငယ်ချင်း ၂ ယောက်ပေါ့ အဲဒီမှာ Lorelei ရဲ့ချစ်သူ ဘောစိ Mr Esmond က လက်ထပ်ဖို့ဆိုပြီး ပဲရစ်ကို သဘောင်္နဲ့သွားကြဖို့
ကြံစည်တဲ့အခါ Esmond တစ်ယောက် ဖခင်ဖြစ်သူက မလိုလားတာနဲ့နေရစ်ဖို့ဖြစ်လာပြီး ချစ်သူကိုသာ ပဲရစ်မှာစောင့်နေဖို့ မှာကြားလိုက်ပါတယ်။ အဲဒီမှာ Lorelei တို့ သူငယ်ချင်း ၂ ယောက် သဘောင်္ပေါ်ပါလာတဲ့
အိုလံပစ်သူငယ်တွေနဲ့တစ်ဖွဲ့ စိန်သူဌေးကြီး လင်မယားနဲ့တစ်ဖွဲ့ သားဖြစ်သူကောင်မလေးကို မယုံလို့ ထည့်ပေးရတဲ့ အလွတ်စုံထောက်တို့နဲ့ ကမောက်ကမဖြစ်ကြပုံကို တေးသံစုံနဲ့ ဟာသဇာတ်မြူးလေး ရိုက်ကူးထားပါတယ်။
သီချင်းဆိုတဲ့နေရာလေးတွေတော့ မူရင်းရသပျက်မှာစိုးတဲ့အတွက် မူလအတိုင်းသာ ထည့်ပေးထားပါတယ်။ ရှေးဦးခေတ်နှောင်းက ရုပ်ရှင်ကောင်းလေးတွေ ခံစားကြည့်လိုက်ရအောင်လား…
Download Link