Paranormal Activity

Paranormal Activity (2007)
Genre – Horror, Thriller

– Holloween ကာလဆိုတော့ ကာလဒေသအလိုက် သရဲကားလာမယ်ဗျာ
– ဒီကားကတော့ Documentary style horror ကို ပထမဆုံး လမ်းဖောက်ပေးခဲ့တယ်လို့ ပြောလို့ရမယ် သူ့ခေတ်သူကာလက Budget နည်းနည်းပဲသုံးပြီး အရမ်းကို ပေါက်သွားခဲ့တာကိုး
– ဇာတ်လမ်းကလည်းရှင်းတယ် ၈ နှစ်သမီးလောက်ကတည်းက သရဲခြောက်ခံနေရတဲ့ Katie က အသက်ကြီးလာလို့ ချစ်သူ Micah နဲ့ အတူတူနေနေပြီဖြစ်တယ်
– ဒီလိုအယူအဆကို မယုံကြည်တဲ့ Micah တစ်ယောက် ဒါမျိုးတွေကို Video ထဲ ပါလာအောင်ရိုက်မယ်ဆိုပြီး Video Camera ကြီး ဝယ်လိုက်ရာကနေ ဇာတ်လမ်းစထားတယ်
– အဲဒီမှာ နေ့စဉ် မှတ်တမ်းတင်မယ်ပေါ့ ရိုက်မယ်ပေါ့ ဒါပေမဲ့ တကယ်စားတာက ညသူတို့အိပ်ရင် Camera ကြီးကို အိပ်ရာဖက်ထားပြီး Night #1 #2 ဘာညာက စတာပဲ
– ဒီကားကပေးတဲ့ ရသကတော့မိုက်တယ် ကင်မရာကမြင်ရတဲ့မြင်ကွင်းကြီး ကိုယ်ပါ လိုက်ခံစားပြီး တစိမ့်စိမ့်နဲ့ တွေးကြောက်နေရတာမျိုး နောက်ပိုင်းကတော့ ဘီလူးဇာတ်ပေါ့
– ထူးထူးခြားခြား မှတ်မိနေတာက ၂၀၀၈ လောက်မှာ ယောက်ျားကြီးတွေ ၇ ယောက်လောက် အခန်းထဲအတူစုကြည့်တာကို ညအိပ်တဲ့အခန်းမှာ Speaker က ထွက်လာတဲ့အသံကြီးနဲ့တင် “ဟျောင့် ပိတ်လိုက်ပါတော့ ဆိုးတယ်ဟ” ဘာညာနဲ့ ကြောက်ခဲ့ရတာလည်းပါမယ်
– ခုခေတ်တော့ ဒီလိုရသပေးနိုင်ပါတော့မလား စိုးရိမ်ပေမယ့် ကြည့်လို့အဆင်ပြေဦးမယ်လို့ ထင်ပါတယ် လိုက်ရှာကြည့်တော့လည်း ၃ ကားမြောက်ကနေ ပြန်ထားတာပဲတွေ့တယ် တကယ်အကောင်းဆုံးကလည်း ဒီလာလာချင်းရုပ်ရှင်ဖြစ်နေတာမို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်
– အားလုံးပဲကြည့်ပြီး ကြောက်နိုင်ကြပါစေလို့…

Download link ( Streamsb ) ( Dubox )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s