What if (2013)

Genre – Drama, Romance

– အသဲကွဲထားလို့ အချစ်ဆိုတာတို့ ဖောက်ပြန်တာတို့ကို မုန်းတီးပြီး အစ်မအိမ်မှာ ကပ်နေပြီး အပြင်မထွက်တဲ့ Wallace လို့ခေါ်တဲ့ ကျွန်တော်တို့ ဇာတ်လိုက်ကျော်ကြီးတစ်ယောက်၊

သူ့ဘော်ဒါ Allan ရဲ့ ပါတီကိုတက်ပြီး Allan ရဲ့ အမျိုးဝမ်းကွဲ Chantry နဲ့ အမှတ်မထင် ကံပါပြီး တွေ့ဆုံခဲ့ကြပါတယ်။

– အဲဒီမှာ အဆင်တွေပြေပြီး အိမ်တွေဘာတွေ လိုက်ပို့ ဖုန်းနံပါတ်တောင်းတော့ကျမှ Chantry မှာ နှစ်တော်တော်ကြာ အတူတူနေချစ်သူရှိတာ သိရတယ်၊

ဒါနဲ့ သူကလည်း Wallace ကို မေးပါတယ် သူငယ်ချင်းလိုပဲ အဆင်ပြေတယ်မို့လား ဘာညာနဲ့ သူငယ်ချင်း ဖြစ်သွားကြရော

– သူငယ်ချင်းမဖြစ်ချင်ပဲ ဖြစ်လိုက်ရပြီး Friend zone ထဲ အော်တိုရောက်သွားတဲ့ ဆရာသမား Wallace နဲ့

ချစ်သူရှိပေမယ့် တစ်ခုခုဆို အရမ်းကို အားကိုးဖော်ရတဲ့သူငယ်ချင်းရသွားတဲ့ Chantry တစ်ယောက်တို့ ရှေ့ဆက်ဘဝကို ဘယ်လိုဖြတ်သန်းကြမလဲ

– ဖောက်ပြန်တာကို အရမ်းမုန်းတီးတဲ့ Wallace တစ်ယောက် Friend Zone ကို ကျော်ဖြတ်နိုင်မလား

– ချစ်ရတဲ့သူနဲ့ပဲ လက်တွဲဖော်ဖြစ်သွားမလား သူငယ်ချင်းအပေါ် Chantry တစ်ယောက် စိတ်ယိုင်သွားမလားဆိုတာကတော့….

– Wallace နေရာမှာ အချစ်တော် Harry Potter မင်းသား Daniel Radcliff သရုပ်ဆောင်ထားပြီး Chantry နေရာမှာတော့ ကျွန်တော်အရှေ့မှာ ဘာသာပြန်ထားဖူးတဲ့ Finding you ထဲက မင်းသမီးလေးဖြစ်ပါတယ်။

– အရံအနေနဲ့လည်း Star War ထဲက Kylo Ren လုပ်တဲ့ Adam Driver တို့ အားဖြည့်ထားပါတယ်။

– Rating အနေနဲ့လည်း လူ ၇ သောင်းကျော်ပေးထားတဲ့ IMDB 6.8 ဖြစ်တဲ့အတွက် ကြည့်မကောင်းမှာ စိတ်မပူပါနဲ့လို့။

Download Link ( Dubox ) ( Degoo ) (StreamSb)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s