Dude, Where’s My Car (2000)
Genre – Comedy
ဟျောင့်ရေ ငါ့ကားဘယ်မှာလဲ…..???
ဟုတ်တယ် ဇာတ်ကားက ဆေးသမားချိဖနှစ်ယောက် တစ်ညလုံးကွဲထားတယ်။ မနက်ကျတော့ ကားပျောက်သွားတယ် တစ်ကားလုံး အဲဒါကိုလိုက်ရှာကြတာ။ Hangover လိုခပ်ဆင်ဆင်ပေါ့ တစ်ညလုံးက လွဲထားတာတွေကို မနက်ကျမှ အူကြောင်ကြောင်နဲ့ လိုက်ရှာကြတာ။ အမြွှာညီအစ်မ ၂ ယောက်နဲ့ ဖြစ်ထားတဲ့ ဘော်ဒါ ၂ ကောင် သူတို့ဆော်တွေဆီက ထူးရှယ်လက်ဆောင်လိုချင်တာမျိုး။ တရုတ်စားသောက်ဆိုင်အော်ဒါမှာရင်း တရုတ်မကြီးနဲ့တွေ့ကြတာတို့ (ဒါကတော့အကြိုက်ဆုံးပဲ)။ တစ်ဘဝလုံး အိပ်တာနဲ့ ဝိချတာပဲ သိတဲ့ခွေးတို့။ သူတို့တောင် စာလုံးမပေါင်းတတ်တဲ့ ပစ္စည်းတစ်ခုကို အာကာသသိပ္ပံငကြောင်တွေရယ် ဇွတ်သာယာမှုတွေပေးမယ်ဆိုတဲ့ အကိတ်မတသိုက်ရယ် အာနိုးရုပ်နဲ့အချိုလိုလိုကောင်တွေရယ်က ဇွတ်လိုက်တောင်းတာမျိုး။ တိုင်ဖက်အကမယ်ဆီကနေ ပိုက်ဆံတွေခိုးထားတာမျိုး။ ကျောကတက်တူးကြီးနဲ့ ဖောက်တာတို့ ဘေးကားကို ယှဉ်ချင်လို့ ပရမ်းပတာလုပ်တာတို့ အစုံစုံပေါ့ဗျာ ဒါမျိုးတွေဖြစ်ပြီး သူတို့ရဲ့ ကားပြန်တွေ့မလား မတွေ့ဘူးလားဆိုတာတော့…. ကြည့်ပြီးခွီလိုက်ကြတော့ဗျာ…
မင်းသား ၂ ကောင်ကတော့ ကျွန်တော်တို့ American Pie ထဲက Stifler ကြီးရယ် Rom-com တွေရိုက်လေ့ရှိတဲ့ Ashton Kutcher ကြီးရယ်က ဝင်ဖောက်ထားကြပါတယ်။ ၂၀၀၀ ခုနှစ်ကရုပ်ရှင်မို့ Sum-41 တို့လို Punk Rock Soundtrack တွေလည်း ခံစားရဦးမှာပါ။ ဟာသကားဆိုတော့ သူတို့ပြောတဲ့အတိုင်း နားလည်နိုင်အောင် အတတ်နိုင်ဆုံးပြန်ထားပြီး စကားလုံးကိုလည်း ယဉ်ကျေးအောင် သုံးမထားပါဘူး။ ကျွန်တော်ကတော့ အရင်တုန်းက ကြည့်ကတည်းက တရုတ်အစားအသောက်မှာတဲ့အခန်းကို အသေခွီပြီး သဘောကျသွားတာပါ။ ဇာတ်လမ်းက ပေါတောတောဆိုပေမယ့် ရယ်နေရတဲ့အတွက် ဘဝအမော စိတ်အမောတွေ ခဏလောက်တော့ ပြေပျောက်သွားမယ်လို့ မျှော်လင့်ပါတယ်။