The Girl in the Sun (2013) [Japanese]
Genre – Romance, Drama, Fantasy
Okuda ဆိုတဲ့ ဝန်ထမ်းကောင်လေး အလုပ်တစ်ခုကြောင့် အထက်တန်းတုန်းက ခင်ခဲ့ဖူးတဲ့ ကောင်မလေး Watarai နဲ့ ပြန်ဆုံတွေ့ခဲ့ကြတယ်။ အထက်တန်းမှာတုန်းက အူကြောင်ကြောင် Watarai လေးကို အနိုင်ဝိုင်းကျင့်ကြလို ကာကွယ်ပေးရင် တစ်ဦးတည်းသော သူငယ်ချင်းလေးဖြစ်ခဲ့တာပေါ့။ အခုတော့ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးဖြစ်နေပြီး အခြေအနေတွေ အကြောင်းကြောင်းကြောင့် နီးစပ်ဖို ကံပါခဲ့ကြတယ်။ ချက်ချင်းဆိုသလို ချစ်သူတွေဖြစ်သွားကြပြီး ဘဝတစ်ခုထူထောင်ဖို စတင်ချိန်ကြမှ…. Watarai ရဲ့ အတိတ်တွေ လျှိဝှက်ချက်တွေဟာ တဖြည်းဖြည်းပေါ်ပေါက်လာပြီး ထာဝစဉ်လက်တွဲသွားနိုင်မှာလားဆိုတာကတော့….
ရိုးရာမပြတ် ဆရာဂျပန်တွေ သာမန်အချစ်ဇာတ်လမ်းကို ဘယ်လိုထူးဆန်းအောင် လုပ်ဦးမလဲဆိုတာ ကြည့်ကြည့်ကြပါ။ သူက နောက်ဆုံးမှာ “သြော် ဒီလိုလားဟ” ဆိုပြီး ဖြစ်သွားမယ့် လှည့်ကွက်လေးလည်း ပါသေးတယ်။ လူကြီးအရွယ် မင်းသားမင်းသမီးတော့ မက်လောက်စရာ သိပ်မရှိပေမယ့် ဇာတ်လမ်းလေးနဲ့ သယ်ယူပေးသွားပါလိမ့်မယ်။ ငယ်ဘဝက မင်းသမီးလေးတော့ အူယားစရာလေးလိုတော့ မြင်မိတာပဲ ချစ်စရာလေး ပုံစံလေးက… အားပေးကြရင်း ဘဝအမောတွေ ပြေပျောက်နိုင်ကြပါစေလို ဆုတောင်းပေးလိုက်ရပါတယ်ဗျို့။
Download link