[Korea]
Genre – Comedy, Drama
နေ့တိုင်းနေ့တိုင်း ဟာဝိုင်အီရှပ် ပန်းရောင်ကြီးနဲ့ ဘဲတစ်ပွေက သူ့ကိုယ်သူ Superman ပါဆိုပြီး တွေ့သမျှလူတိုင်း အရာတိုင်းကို ကူညီတယ်။ မတရားမှုတွေကို ဖြေရှင်းတယ် ကမ္ဘာမြေကြီးကို ကာကွယ်ပေးတယ်။ သူ့ခေါင်းထဲမှာလည်း Kryptonite အတောင့်ကြီး ရှိနေလို့ သူ့ပါဝါ သုံးမရတာပေါ့ ဘာညာနဲ့… ဒါပေမယ့် ဟုတ်တာမဟုတ်တာ အပထား အူကြောင်ကြောင်နဲ့ အသေတော့ကူညီတယ်။
မင်းသမီးကတော့ လူ့ဂွစာ သတင်းထောက်/မုဆိုး သူလိုချင်တဲ့သတင်းရဖို့ဆို အင်ထုချင်လည်းထုတာပေါ့ အောင်မြင်ရင်ပြီးရောဆိုတဲ့သဘော။ ရည်းစားကတော့ ခေါင်တဲ့နိုင်ငံတွေမှာ ပရိဟိတသွားလုပ်နေပြီး သိပ်မပြေလည်ကြဘူးပေါ့။
ကဲ.. ဒီလိုနဲ့ ဒီနှစ်ယောက် ကံပါလာကြတော့ ဒီ Superman ကြီးရဲ့အကြောင်းကို သတင်းယူလာဖို့ အကြောင်းဖန်လာတယ်။ အစကတော့ တော်ရုံတန်ရုံပဲဆိုပြီး နှစ်ယောက်သား ပူးပေါင်းပြီး တစ်ယောက်ကို တစ်ယောက်ကူညီပေးရာကနေ ဒီ Superman ဘဲကြီးရဲ့ ဖြစ်ရပ်မှန်နောက်ကြောင်းတွေကို မင်းသမီးသိလာရတော့တယ်။ အဲဒီမှာ တကယ်ပဲ ဒီဘဲကြီးက လူစွမ်းကောင်းလား ဘာများဖြစ်နေမလား ဆိုတာကတော့…
ဒီမှာသိပ်မသိကြတဲ့ ကိုရီးယားကားလေး ထင်တာပဲ ဇာတ်လမ်းလေးက ရယ်လည်းရယ်ရတယ် ကောင်းလည်းကောင်းတယ်။ မင်းသမီးဆိုလည်း နာမည်ကြီး My Sassy Girl တို့ Winstruck တို့ မြန်မာသိစီးရီးအရဆိုလည်း My Love from Star တို့ ဂူဂျွန်ဖြိုးနဲ့ ရေသူမကားတို့ထဲက Jun Ji-Hyun ပဲ။ ကြည့်နေရင်း ဘယ်လိုအရသာလေး ရလည်းဆိုတော့ကျ ကျွန်တော်တို့ ငယ်ငယ်တုန်းက တာယာပွကြီးကာတွန်းဖတ်နေရသလိုပဲ ဇာတ်ကောင်တွေ သဘာဝကျတယ် ကလိထိုးရယ်ရတာမျိုးမဟုတ်ဘူး ရိုးရုာမပြတ် ကိုရီးယားအထာချိုးချမယ် ရသမျိုးစုံပေးတယ်ပေါ့။ ကဲ အားလုံးပဲ ဒီရုပ်ရှင်လေးကြည့်ရင်း အမောပန်းပြေပျောက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးရင်း နှုတ်ဆက်လိုက်ရပါတယ်။
Download Link