Meet the Parents (2000)
Genre – Comedy, Romance
ခုလိုစိတ်ရှုပ်စရာတွေကြားထဲ တစ်ခဏတာဖြစ်ဖြစ် စိတ်အပန်းပြေအောင် လုပ်ပေးမယ့်ဟာသကားလေး လာပြီဗျာ။
ဇာတ်လမ်းလေးကတော့ Greg တစ်ယောက် သူ့ချစ်သူ Pam ရဲ့ ညီမ မင်္ဂလာဆောင်အတွက် သူတို့မိဘတွေအိမ်ကို လိုက်သွားရာက စတင်ပါတော့တယ်။
Pam အမေ Dina က ရှော့မရှိဘူး ခက်တာက ဘဲကြီး ယောက္ခထီး Jack ပေါ့၊ မတွေ့ခင်ကတည်း ဆေးလိပ်မသောက်ရဘူး၊ ချစ်သူနဲ့ အတူမနေရဘူး၊
အိုကေ ထားပါတော့ လူချင်းတွေ့တော့ရော… ပိုဆိုး စတွေ့တာနဲ့ ကားအရောင်ရွေးတာနဲ့ ပတ်သက်ပြီး စဒေါက်ဖြုတ်နေလေရဲ့။
နောက်ထပ် ကြောင်မုန်းတဲ့ Greg အတွက် တစ်အိမ်လုံးက Jinxy ဆိုတဲ့ကြောင်ကို အသည်းစွဲ၊ အိမ်သာတောင် လူလိုသွားတဲ့ကောင် ဘဲကြီးသင်ပေးထားတာ။
ခရီးစထွက်ကတည်းက အိတ်ပျောက်နေတော့ ဘဲကြီးအဝတ် ယူဝတ်ရတာလည်း အဆင်မပြေ၊ ညစာစားတော့လည်း ဆောက်တလွဲတွေဖြစ် ဘဲကြီးနဲ့က။
အိပ်တော့လည်း ချစ်သူနဲ့အတူမအိပ်ရ မြေအောက်ခန်းထဲမှာတဲ့ ဒါနဲ့ သွားအိပ်တော့မှ ဒီဘဲကြီးက ရိုးရိုးဘဲကြီးမဟုတ်ပဲ တစ်ခုခုဖြစ်နေသောအခါ…..
(ဘယ်လိုတွေ ဆက်လွဲဦးမယ်ဆိုတာ ဆက်ကြည့်ကြပါဦး…)
အဓိကကတော့ သားမက်နဲ့ ယောက္ခထီး တလွဲတွေဖြစ်ကြတဲ့ကားလေးပါ ထွက်ထားတာလည်း ၂၀၀၀ ခုနှစ်ကတည်းပါပဲ ကြာနေပါပြီ။
နောက်မှာထပ်ထွက်ထားတာတော့ အဆက် နှစ်ကား ရှိပါသေးတယ် ကောင်းမကောင်းအခြေအနေကြည့်ပြီး ကောင်းရင် ပြန်ပေးပါဦးမယ်။
မင်းသား ၂ ယောက်ကတော့ နာမည်ကြီးဆရာကြီး ၂ ပါးဖြစ်တဲ့ အူကြောင်ကြောင်ရုပ်နဲ့ ဟာသမင်းသားကောင်း Ben Stiller ရယ်
အရင် Gangster မင်းသားကြီးဖြစ်ပြီး စကားပြောရင်း ပါးကြီးရွဲ့ပြောတာကို နာမည်ကြီးတဲ့ ဆရာ Robert De Niro ဖြစ်ပါတယ်။
နှစ်ယောက်လုံးရဲ့ ဝါရင့်သရုပ်ဆောင်ချက်တွေနဲ့ မြိုင်ဆိုင်နေမှာတော့ အမှန်ပဲ။
ထုံးစံအတိုင်း ဒီလိုကားဟောင်း/ကောင်းလေးကို ပြန်ထားတာမတွေ့လို့ ပြန်ပြီး Peace site နဲ့ အတူ တင်ဆက်ပေးလိုက်ပါတယ်။
စိတ်ညစ်မှုတွေ ပြေပျောက်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာကြပါစေဗျာ.. ကျန်းမာရေးအထူး ဂရုစိုက်ကြပါလို့။
Download link