Forget Me Not (2015) [Japanese]
Genre – Drama, Romance
ကျွန်တော့်နာမည်က Takashi အထက်တန်း တတိယနှစ်ကျောင်းသား၊ သူငယ်ချင်း ၃ ယောက်နဲ့ အေးဆေးပဲနေတယ်။
တစ်ရက်ကျ ညခွေသွားဝယ်တုန်း ကောင်မလေးတစ်ယောက်ကိုဝင်တိုက်မိတယ်၊ သူ့ပုံစံကထူးဆန်းတယ် စကားလည်းပြန်မပြောဘူး။
နောက်ရက် ကျောင်းမှာတွေ့တယ် လိုက်တောင်းပန်တယ်၊ အဲဒါကိုသူက အူကြောင်ကြောင်နဲ့ ကျွန်တော့်ကို သူခေါ်ချင်ရာခေါ်သွားတယ်။
နာမည်မေးတယ် မေးလို့လည်းမရဘူး အတန်းကတော့ D ခန်းကတဲ့၊ ကျွန်တော့်ဘော်ဒါတွေ အများကြီးရှိတဲ့ အတန်းကပဲ မမြင်ဖူးဘူး။
နောက်ရက်လည်း ကျွန်တော့်ရှေ့ သူပေါ်ချင်သလိုပေါ်လာတယ် လျှောက်သွားတယ် စကားတွေပြောတယ် နာမည်မေးတယ် မရသေးဘူး ဖုန်းမေးတယ် အီးမေးလ်မေးတယ် ဘာမှမရှိ/မကိုင်ဘူးတဲ့။
တစ်ရက် D ခန်းက ဘော်ဒါတွေနဲ့ မုန့်စုစားတုန်း သူ ရုတ်တရက်ရောက်လာတယ်၊ ဒါနဲ့ မိတ်ဆက်ပေးတော့ကျ D ခန်းချင်းတူတူ သူ့ကို ဘယ်သူမှမသိကြဘူး အခန်းမှာ မရှိပါဘူးတဲ့။
ဒီမှာ သူရုတ်တရက် ပြေးထွက်သွားတော့ နောက်ကလိုက်မေးမိတယ်၊ အဲဒီမှာ မယုံနိုင်စရာ သူပြန်ပြောလိုက်တာကတော့…….
ထပ်ပြောပြရင် ပေါ့မှာစိုးလို့ ဒီလောက်နဲ့ပဲ ရပ်ထားလိုက်ပါတယ်။
ထုံးစံအတိုင်း ဂျပန်ကျောင်းသားအချစ် ဇာတ်လမ်းလေးဆိုပေမယ့် ပုံမှန်ကနေကွဲထွက်ပြီး အရမ်းကိုထူးဆန်းနေခဲ့တယ်။
ဂျပန်တောင်ဘေးမြို့ရှုခင်းလေးတွေရယ်… မင်းသမီးရဲ့ ဂျပန်ကုလားစပ် မျက်နှာလေးရယ်…
ဝတ်လိုက်တိုင်း ဂါဝန်အဝဲလေးတွေရယ်… ရိုးရုာမပျက် ဂျပန်မင်းသားက မျက်စိစူးတဲ့ကေနဲ့ အူစကူရုပ်ရယ်…
ခင်ဗျားတို့ကို မျက်ရည်ချူမယ့်ကားဆိုလည်း မမှားဘူးပေါ့ဗျာ။
ခုလိုခေတ်ကာလကြီးမှာ ကြည့်ရှုရင်း အမောအပန်းများပြေပြီး စိတ်ရောလူပါ ကျန်းမာချမ်းသာကြပါစေလို့…..