Josee to Tora to Sakana-tachi
(Josee, the Tiger and the Fish)
Genre-Slice of Life, Romance , Drama
Author- Seiko Tanabe
ဒီAnime လေးကတော့ Seiko Tanabe ရဲ့ José to Tora to Sakana-Tachi ဆိုတဲ့ Japanese Short Story လေးဖြစ်ပါတယ်
ဒီကားလေးက live actionအနေနဲ့လဲ ကြည့်ဖူးကြမယ်လို့ထင်လို့ reviewတွေသိပ်အများကြီး မရေးတော့ပါဖူးနော်
ဒီ animeလေးကတော့ Tsueno ဆိုတဲ့ ကောလိပ်ကျောင်းသားလေးနဲ့ Josee ဆိုခေါ်တဲ့ wheelchair ပေါ်မှာသာနေရတဲ့ ကောင်မလေး တို့ရဲ့ အချစ်တွေ ပွင့်ဖူးလာမယ့် romance ဆန်ဆန် ကားလေးပါ။ Tsueno ဟာ ရေငုတ်ပြီး ပင်လယ်ထဲက ငါးမျိုးစိတ်တွေကို့ လေ့လာရတာ သဘောကျတဲ့ အတွက် Mexico မှာ ပညာသွားသင်ဖို့ ပိုက်ဆံရှာနေတဲ့အချိန် Joess ဆိုတဲ့ကောင်မလေးကို စောင့်ရှောက်ဖို့အတွက် အချိန်ပိုင်း အလုပ်လေး ရလာပါတယ်။ Josee ကတော့ သူရဲ့ဘဝကို wheelchairပေါ်မှာသာ အချိန်ကုန်ရပြီး စာအုပ်တွေ ဖတ်ရတာ အလွန်နှစ်သက်တဲ့ ကောင်မလေးတစ်ယောက်ပါ။ တနေ့မှာ Joess ဟာ သူ့ရဲ့ စောင့်ရှောက်သူ Tsueno နဲ့ တွေရတဲ့ အခါမှာတော့ သူတို့ရဲ့ ဆက်ဆံရေးဟာ အစပိုင်း မပြေပြစ်ခဲ့ရာကနေ အချစ်တွေ သံယောစဥ်တွေ တဖြည်းဖြည်း ည်း ြဖစ်တည်လာတာကို ဒီ movie လေးထဲမှာ ခံစားရမှာဖြစ်ပါတယ်။ နောက်ပြီး Joess ရဲ့ သူ့ဘဝရဲ့ နောက်ဆုံး ပန်တိုင်ကို Tsueno က ဘယ်လိုြဖည့်ဆည်ပေးမလဲဆိုတာကို Eve ရဲ့ “Ao No Waltz” လေး နားထောင်ရင်း ကြည့်ပေးကြပါအုန်းနော်