ဒီကားလေးကတော့ ရှေ့ကStand by Me Doraemon ဆိုတဲ့ကားလေရဲ့အဆက်ပါ။
ရှေ့ကားမှာ အနာဂတ်က Nobita က လက်ထက်ဖို့သေချာသလောက်ဖြစ်သွားအောင်လို့ လက်ရှိ Nobita နဲ့ Doraemon တို့၂ယောက်က ကူညီခဲ့ကြပါတယ်။ အဲ့ဒီနောက်အခုကားမှာတော့ Nobita လေးက သူ့ရဲ့ငယ်ဘဝက အဘွားကိုသတိရပြီအဘွားကိုသွားတွေ့မှာပဲဖြစ်ပါတယ်။ ဆိုတော့အဘွားကိုတွေ့ရင်း အဘွားရဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးမှာပဲဖြစ်ပါတယ်။ ပြီးတော့ အနာဂတ်က Nobita ကရောလက်ထက်ပွဲကိုတကယ်ပဲဖြစ်ဖြစ်မြောက်မြောက်လက်ထက်လိုက်နိုင်ပါ့မလားဆိုတာတွေကိုတွေ့ရမှာဖြစ်ပါတယ်။
ဒါထက် ၃နှစ်သားအရွယ် Nobita လေးရဲ့ 3D Animation လေးကလည်းအရမ်းပဲချစ်ဖို့ကောင်းလွန်းလှပါတယ်။
ဒီတော့ Doraemon နှစ် ၅၀ပြည့်မှာထုတ်လွှင့်တဲ့ ဒီStand by Me Doraemon လေးကိုကြည့်ရှုခံစားလိုက်ပါဦး။