Kara no Kyoukai
[The Garden of Sinners Chapter-1]
Rating 7.68
ဒီ Anime ကို Animation ကောင်းကောင်းတွေကိုမှဖန်တီးပေးတတ်တဲ့ Ufotable Studio ကနေဖန်တီးထားတာပဲဖြစ်ပါတယ်
ဇာတ်ကားကြာမြင့်ချိန်ကတော့ 50 mins ရှိပြီး Rating အနေနဲ့အတော်ကောင်းတဲ့ကားတစ်ကားဖြစ်ပါတယ်
အမျိုးအစားအနေနဲ့ကြည့်ရမယ်ဆိုရင်လဲ Action,Mystery,Supernatural,Thriller အမျိုးအစားဖြစ်ပြီး Director Ei Aoki ကနေမှရိုက်ကူးထားတာဖြစ်လို့ လုံးဝကြည့်ရှုသင့်တဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ်
ဇာတ်လမ်းကို 1998 ခုနှစ် စက်တင်ဘာလအတွင်း ဂျပန်နိုင်ငံဟာ အပြင်ပန်းအမြင်အားဖြင့်တော့ ဆက်တိုက်မိမိကိုယ်ကိုအဆုံးစီရင်တယ်လို့ထင်ရတဲ့ အမှုတွေကြောင့် တစ်နိုင်ငံလုံးဦးနှောက်ခြောက်စရာဖြစ်နေတဲ့ အခြေအနေပေါ်မှာဇာတ်အိမ်စတည်ထားပါတယ်
အဲ့ဒိအချိန်မှာပဲ သဘာဝလွန်ဖြစ်ရပ်တွေကိုစုံစမ်းထောက်လှမ်းတဲ့ စုံထောက်အေဂျင်စီတစ်ခုဟာ အမြင်အားဖြင့်ဆက်စပ်မှုမရှိဘူးလို့ထင်ရပေမယ့် တကယ်တမ်း ထိတ်လန့်စရာဖြစ်နေတဲ့ တူညီတဲ့မှုတစ်ချို့ကို သတိထားမိသွားခဲ့ပါတယ်
အမှုတွေအကုန်လုံးမှထိခိုက်နစ်နာသူတွေဟာ ကျောင်းသူလေးတွေဖြစ်ပြီးတော့ သူတို့အကုန်လုံးဟာ မကြာခင်ဖျက်ပစ်တော့မှာဖြစ်တဲ့ ရှေးဟောင်းမိုးမျှော်တိုက် Fujou အဆောက်အဦးရဲ့ထိပ်ဆုံးကနေ ခုန်ချပြီးသတ်သေသွားခဲ့တဲ့သူတွေဖြစ်ပါတယ်
အဲ့ဒိအမှုတွေကိုစုံစမ်းဖို့အတွက် စုံထောက်အေဂျင်စီရဲ့ခေါင်းဆောင် Magus Touko Aozaki ဟာ ကြင်နာတတ်တဲ့ Mikiya Kokutou နဲ့အကျင့်စရိုက်ချင်းပြဒါးတစ်လမ်းသံတစ်လမ်းကွဲနေတဲ့ အေးစက်စက်နိုင်တဲ့အကျင့်ရှိပြီး “Mystic Eyes of Death Perception” ဆိုတဲ့အစွမ်းကိုပိုင်ဆိုင်ထားတဲ့ Shiki Ryougi ကိုစေလွှတ်ခဲ့ပြီးတဲ့နောက်မှာတော့
နှစ်ယောက်သားဘယ်လိုစွန့်စားခန်းတွေ ဘယ်လိုတိုက်ခန်းခိုက်ခန်းတွေနဲ့ အမှုကိုဖော်ထုတ်ကြမယ်ဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အကုန်အပြီးသတ်ထိ Translate လုပ်ပေးသွားမှာဖြစ်တဲ့အတွက်အားပေးကြပါဦး။