Schoolboy Hinata has a big crush on his classmate Shigure, but is too shy to tell her. On the day Shigure is leaving, Hinata flies off on the wings of a bird chasing after her to tell how he feels!
Review by(Oo Oo Thant) Hinata no Aoshigure ကို ဒါရိုက်တာ Hiroyasu Ishida ကရိုက်ကူးထားပြီး IMDb မှာ 5.4/10 ရထားတဲ့ Anime ကားကောင်းတစ်ကားလဲဖြစ်ပါတယ်
Google ရဲ့စစ်တမ်းကောက်ချက်အရလဲ 96 % သော User တွေရဲ့အားပေးမှုကိုရရှိထားတာတွေ့ရပါတယ်
အသံသရုပ်ဆောင်တွေကတော့ Hinata အဖြစ် Anju Inami /Shigure အဖြစ် Saori Hayami တို့ကသရုပ်ဆောင်ထားတာလဲဖြစ်ပြီးMovie အမျိုးအစားက Adventure,Fantasy,Romance အမျိုးအစားဖြစ်ပါတယ်
ဒီ Anime လေးက ငယ်ရွယ်နူးညံ့တဲ့နှလုံးသားရှိကြတဲ့ ကလေးနှစ်ယောက်ကြားက ဆွတ်ပျံ့စရာကောင်းတဲ့အချစ်ကိုဖော်ညွှန်းရိုက်ကူးထားတာပါ
ပုံဆွဲတာတော်ပေမယ့် အခြားသူတွေနဲ့ဆက်ဆံရေးညံ့တာကြောင့် ကိုယ့်ရဲ့ခံစားချက်တွေကိုပန်းချီကားတစ်ချပ်ပေါ်မှာသာအရောင်တင်နိုင်တဲ့ကောင်လေးတစ်ယောက်……….
အခြားသူတွေနဲ့နစ္စဓူဝ ပြောဆိုဆက်ဆံနိုင်တဲ့ကောင်မလေးShigure နဲ့ လူတွေနဲ့သိပ်မဆက်အဆံမရှိတဲ့အပြင် အတန်းဖော်တွေနဲ့လဲရောရောနှောနှောမနေတတ်တဲ့ကောင်လေးတို့တွေ့ဆုံမိကြရင်းကောင်လေးတစ်ယောက်အချစ်နဲ့ထိတွေ့မိသွားတဲ့အခါ…
ဒီလိုနဲ့Hinata တစ်ယောက်ခံစားချက်တွေကိုမြိုသိပ်နေလာရင်းက တစ်နေ့ ကောင်မလေးတို့မိသားစုအခြားမြို့ကိုပြောင်းဖို့အကြောင်းဖန်လာတဲ့အခါ Hinata တစ်ယောက်သူ့စိတ်ကူးထဲအရာကိုကောင်မလေးသိအောင် ထုတ်ေဖာ်ပြနိုင်ပါ့ မလား?
နောက်ဆုံးအနေနဲ့ဒီ Anime လေးကပေးချင်တဲ့ Message ကတော့ လူတိုင်းရဲ့စိတ်ထဲမှာရှိတဲ့မတူညီကွဲပြားတဲ့ ခံစားချက်/ စိတ်ကူးတွေဟာ စစ်မှန်သည်ဖြစ်စေ…မစစ်မှန်သည်ဖြစ်စေ အဲ့ဒိအရာကိုကျော်လွှားနိုင်ဖို့က ကိုယ်နဲ့ပဲသက်ဆိုင်ပါတယ်ဆိုတာပြောရင်း….ဒီ Anime လေးဟာပေးရတဲ့အချိန်နဲ့ကြည့်ရှုဖို့တန်တဲ့ကားကောင်းလေးတစ်ကားဖြစ်တယ်ဆိုတာညွှန်းလိုက်ပါရစေ….
Translate by Hanako
Encode by Mikoshiba Yato