ဒီ Harmony Movie လေးကို ကြည့်မယ် ဆိုရင် တော်တော်လေးကို လှတဲ့ Script နဲ့ Admin အကြိုက်ဆုံး Movie တစ်ကားထဲမှာ ပါပါတယ်။ ကျွန်တော်တို့ ကမ္ဘာ မှာ ဖြစ်နေတဲ့ နိုင်ငံတွေအချင်းချင်းစစ်ပွဲတွေ ဖြစ်လာပြီး လူတွေက စစ်ဘေးဒဏ် ကို ခံလာတဲ့အတွက် ကမ္ဘာကြီးကို ပြောင်းလဲလာတာက စပါတယ်။ ဒီ movie မှာ လူတွေဟာ လူသားတွေရဲ့ အကြမ်းဖက် နိုင်ရေး ဆန္ဒ တွေ၊ လူသားတွေရဲ့ ဖြစ်သလို နေနေ ကြတဲ့ ကျန်းမာရေးထိခိုက်မှုတွေ၊ လူသားတွေ ရဲ့ လိုအင် ဆန္ဒ တွေအကုန်လုံးကို ထိန်းချုပ်ထားတဲ့ Watch Me ဆိုတဲ့ အရာကို တီထွင်ခဲ့ပါတယ်။Watch Me ဆိုတာ Server screen က လူတစ်ယောက်ချင်းဆီကို စောင့်ကြည့် နိုင်တာ ဖြစ်ပြီး တစ်နေ့တာ အတွက်လူသားတွေ လိုအပ်တဲ့ကျန်းမာရေး ကိုလဲ စောင့်ကြည့် control ပေးနေတာ ဖြစ်ပါတယ်။ဒီ ထဲမှာ ကောင်မလေး သုံးယောက် ဖြစ်တဲ့ Cian , Tian နဲ့ Miah တို့ဟာ ကျောင်းသား ဘ၀ တုန်းက Miah ရဲ့ တိုက်တွန်းချက်ကြောင့် သတ်သေခဲ့ကြပါတယ် ။ဒါပေမယ့် Miah တစ်ယောက်ကသာ သေဆုံးခဲ့ပြီး ကျန်တဲ့၂ ယောက်က အသက်ရှင်ခဲ့ပါတယ်။ဒါပေမယ့် လူတွေက အမြဲလိုအင်တွေကို ထိန်းချုပ်ခံနေရတော့ စိတ်ခံစားချက်တွေကဘယ်လိုဖြစ်လာမယ်၊ ဘယ်လို ဆိုးကျိုးတွေ ဖြစ်လာမယ် ဆိုတာကို ကောင်မလေး ၃ ယောက်ကနေတစ်ဆင့်ဆက်လက်စောင့်ကြည့်ပေးကြပါ။ တစ်ခါတစ်လေ ကမ္ဘာကြီးမှာ စစ်ပွဲကလည်း အဓိက သော့ချက်တစ်ခုပဲ ဆိုတာကိုလည်း တွေးမိကြမှာပါ။ျေးဇူးတင်ပါတယ်။
