The war on terror exploded, literally, the day Sarajevo was destroyed by a homemade nuclear device. The leading democracies transformed into total surveillance states, and the developing world has drowned under a wave of genocides. The mysterious American John Paul seems to be behind the collapse of the world system, and it’s up to intelligence agent Clavis Shepherd to track John Paul across the wreckage of civilizations and to find the true heart of darkness—a genocidal organ.
Genocidal Organ
______________________
Genocidal Organ ဆိုတဲ့ Movie ကိုစာရေးဆရာProject Itoh 2006 Novel ကနေမှ Animation အဖြစ်အသက်သွင်းထားတာဖြစ်ပြီး ဒါရိုက်တာ
Shuko Murase ကရိုက်ကူးထားတာပဲဖြစ်ပါတယ်
အသက် 34 နှစ် 2009 ခုနှစ်မှာကင်ဆာရောဂါနဲ့ကွယ်လွန်သွားခဲ့တဲ့ Itoh ရဲ့ Genocidal Organ ဟာ ဆယ်စုနှစ်တခုမှာ အကောင်းဆုံး Sci-fi စိတ်ကူးယဉ်လက်ရာဝတ္ထုအဖြစ်လဲနာမည်ကြီးခဲ့တာဖြစ်ပါတယ်
ဇာတ်အိမ်ကိုတော့ 2020 ခုနှစ် နျူကလီးယားဗုံးဒဏ်ကြောင့် Sarajevo တစ်မြို့လုံးကုန်သွားပြီး (6) လအကြာ အချိန်ကာလအပေါ်မှာဖန်တီးထားတာဖြစ်ပါတယ်
နျူကလီးယားဒဏ်ရဲ့နောက်ဆက်တွဲအဖြစ် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာရှိကြတဲ့နိုင်ငံသားတွေဟာ အကြမ်းဖက်သမားတွေရဲ့ရန်ကိုစိုးရိမ်နေကြရပြီးနောက်မှာတော့ သူတို့တွေဟာ ကိုယ်ပိုင်လွပ်လပ်ခွင့်ကို လုံခြုံရေးနဲ့ငြိမ်းချမ်းရေးအတွက်အလဲအလှယ်လုပ်ခဲ့ကြပါတော့တယ်
အဲဒါကတော့စောင့်ကြည့်ဖို့အတွက် သူတို့ရဲ့ခန္တာကိုယ်ထဲမှာ Microchip ပြားလေးတွေကိုထည့်သွင်းထားရပြီး Pizza ဝယ်ရင်တောင် လက်ဗွေရာနဲ့ဝယ်ယူကြရပါတယ်
ဒါပေမယ့်လည်း ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်သွားကြပေမယ့် ကြွယ်ဝမှုအင်အားမတောင့်တင်းတဲ့ နိုင်ငံငယ်လေးတွေဖြစ်တဲ့ Somalia နဲ့ Georgia ကပြည်သူတွေအတွက်တော့ ပြည်တွင်းစစ်တွေကြားမှာ ငရဲခံရတဲ့အလားဖြစ်လာခဲ့ပါတော့တယ်
နောက်ပိုင်းမှာတော့ US ဟာဒီစစ်ပွဲတွေဖြစ်လာအောင်သွေးထိုးလှုံ့ဆော်နေတဲ့သူဟာ အပြင်ပန်းအားဖြင့် Somalia နဲ့ Georgia နှစ်နိုင်ငံကြား ယဉ်ကျေးမှုသံတမန်အဖြစ်အသွင်ယူထားတဲ့ အမေရိကန်လူမျိုး John Paul ဖြစ်ကြောင်းသိရှိသွားခဲ့ပါတော့တယ်
ဒီကိစ္စကိုဖော်ထုတ်ဖို့အတွက် နိုင်ငံရေးခေါင်းဆောင်တွေကိုလုပ်ကြံသတ်ဖြတ်တဲ့နေရာမှာအထူးကျွမ်းကျင်တဲ့ လုပ်ကြံရေးအဖွဲ့ခေါင်းဆောင် Clavis Shepherd ဟာအထူးတာဝန်တစ်ရပ်ကိုပေးအပ်ခံခဲ့ရပြီးနောက်မှာတော့ Clavis Shepherd ပေးအပ်လိုက်တဲ့တာဝန်ကဘာဖြစ်မလဲ?အဲ့ဒိတာဝန်ကိုရော အောင်မြင်အောင်ဆောင်ရွက်နိုင်ပါ့မလား? သူ့လိုလူတစ်ယောက်ကိုတောင်ပေးရလောက်တဲ့တာဝန်ကဘယ်လောက်ထိခက်ခဲနေမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူကြရမှာပဲဖြစ်ပါတယ်