________XXXHolic________
XXXHolic ဆိုတဲ့ Anime ဟာ TV series မထွက်ခင် Clamp ဆိုတဲ့ Manga Artists Group ကနေမှဖန်တီးထားတဲ့ Manga အဖြစ်အရင်ထွက်ရှိခဲ့တာဖြစ်ပါတယ်
TV series ကိုတော့ ဒါရိုက်တာ Tsutomu Mizushima ကနေရိုက်ကူးပြီး Production I.G studio ကနေမှဖန်တီးထားတာဖြစ်ပါတယ်
Drama,Action,Adventure အမျိုးအစားဖြစ်ပြီးဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဝိညာဉ်နဲ့သရဲတွေကို မြင်နိုင်စွမ်းရှိနေတဲ့ အထက်တန်းကျောင်းသားလေး Kimihiro Watanuki ဟာ အဲ့လိုဝိညာဉ်တွေကိုမြင်နေရတဲ့ပြဿနာကနေလွန်မြောက်ဖို့ကြိုးစားနေတဲ့ကောင်လေးတစ်ယောက်ပါ
တစ်နေ့မှာတော့ သူဆိုင်တစ်ဆိုင်ကိုဝင်ပြီးစူးစမ်းရင်းနဲ့မှ သူ့ရဲ့ ဝိညာဉ်တွေကိုမြင်မြင်နေရတဲ့ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ စုန်းမလေး Yuko နဲ့ဆုံတွေ့ခဲ့ပါတော့တယ်
ကူရာကယ်ရာမဲ့နေတဲ့ Kimihiro Watanuki ဟာ Yuko ရဲ့အကူအညီကိုလက်ခံခဲ့ပြီး အပြန်အလှန်အနေနဲ့ သူ့ဆိုင်မှာ အလုပ်လုပ်ပေးရမှာဖြစ်ပါတယ်
ဒါပေမယ့်လဲ Kimihiro ရဲ့အလုပ်ဟာသူထင်သလို ရိုးရိုးဆိုင်ဝန်ထမ်းအနေနဲ့မဟုတ်တဲ့အခါမှာတော့…..ဘယ်လိုဆက်ပြီးခရီးသွားမယ်ဆိုတာရှုစားကြရမှာဖြစ်ပါတယ်