Mirai Fukuin (lit. The Future’s Gospel) is a side story of Kara no Kyoukai novel series. It is divided into two parts, Möbius ring, and Möbius Link.
ပထမဆုံးပြောချင်တာက GOS ကိုမေ့နေကြပြီလား =,=
နောက်တစ်ခုကာဒီကားစာဖိုင်က ရှားနေတာရယ်ရှိတဲ့စာဖိုင်က စာကြောင်းပေါင်း သောင်ချီနေတာကြောင့်ကြာနေတာဖြစ်ပြီးတော့ သောင်းချီနေတဲ့စာကြောင်းတွေကို ဖြတ်ရင်းနဲ့ ၆မိနစ်စာ ဘာသာပြန်စာကြောင်းတွေပါမလာခဲ့ပါဘူး။ Sorry ပါ အဲ့တာအဆင်မပြေဖြစ်နေတဲ့အတွက်။ ဒါပေမဲ့ ပါမလာတာက ဇာတ်လမ်းအပေါ်ထိခိုက်မှုမရှိတဲ့အတွက် ကံကောင်းတယ်လို့ပြောရမှာပါပဲ။ ဘာပဲဖြစ်ဖြစ်ပါ တောင်းပန်ပါတယ် အဲ့ဒီတွက်။ နောက်မှာနှစ်ကားပဲကျန်တော့ပါတယ်။ ဒီ Movie အရက်အဆက်အပိုင်းတိုလေးရယ် နောက် ၁ကနေ ၆ထိ လိုတာတွေထပ်ဖြည့်ပြီးတော့ Timeline စီပေးထားတဲ့အနှစ်ချုပ်တစ်ကားရယ်ပဲကျန်ပါတော့တယ်။
ကဲကဲစာရှည်ပြီးတော့ Review ကိုသွားရအောင်
ဒီကားအကြောင်းကထွေထွေထူးထူး ပြောစရာသိပ်မရှိပါဘူး။ အဓိကဇာတ်ကောင်တွေအသစ်ပါတာက တခုခုကိုကြိုမြင်နေကတဲ့ကောင်မလေး တစ်ယောက်နဲ့ကောင်လေးတစ်ယောက်ပါလာမှာပဲဖြစ်ပါတယ်။ အဲ့ဒီကောင်လေးက သူ့ရဲ့ကြိုမြင်နိုင်တဲ့မျက်လုံးကိုအသုံးပြုပြီးတော့ လုပ်ကြံဖုံးခွဲသူတစ်ယောက်လုပ်နေပြီးတော့ ကောင်မလေးကတော့ ကြိုမြင်တာနဲ့ပတ်သတ်ပြီလူတွေကိုကူညီပေးဖို့ကြိုးစားနေတာပါ။ ဒီကားထဲမှာ ကြိုမြင်တဲ့ဖုံးခွဲလုပ်ကြံသူကောင်လေးနဲ့ ကျွန်တော်တို့ရဲ့ Shiki တို့၂ယောက်ညဏ်ချင်းယှဉ်ပြီးတိုက်ခိုက်ကြရမှာပါ။
ကြိုမြင်နိုင်တဲ့မျက်လုံးကပဲနိုင်မလား ဒါမှမဟုတ် ပျက်စီးချင်း(သေချင်း)အက်ကွဲကြောင်းသော့ချက်တွေကိုမြင်နေရတဲ့ မျက်လုံးကပဲနိုင်မလားဆိုတာကတော့ဇာတ်လမ်းထဲမှာရှုစားလိုက်ပါတော့။ Timeline ချိတ်ကြည့်ချင်ရင်တော့ Chapter 3 နောက်ပိုင်းကပါ။