ဒီ Anime လေးနဲ့ပက်သက်လို့ထူးခြားတဲ့အချက်တစ်ချက်ကိုပြောပါဆိုရင်တော့ Gunjou no Magmel ကို Chinese Mangaka Daienbyou ကနေရေးသားထားတဲ့ Anime ဖြစ်ပါတယ်
Anime အမျိုးအစားက Action,Fantasy အမျိုးအစားဖြစ်ပြီး Pierrot Plus Studio မှဖန်တီးထားတာဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ ပစိဖိတ် သမုဒ္ဒရာရဲ့တစ်နေရာမှ Magmell ဆိုတဲ့ထူးဆန်းတဲ့တိုက်(အာရှတိုက်/ဥရောပတိုက်ကဲ့သို့) တစ်တိုက်ရုတ်တရက် ရေမျက်နှာပြင်ပေါ်ပေါ်ထွက်လာပြီးနောက်မှာတော့လေ့လာသူတွေရဲ့ ရှာဖွေရေးခေတ် တစ်ခေတ်အစပြုခဲ့ပါတော့တယ်
Magmell ကျွန်းဟာ တစ်ခါမှမမြင်ဖူးသေးတဲ့ကြွယ်ဝတဲ့သဘာဝသယံဇာတတွေနဲ့ များပြားလှတဲ့ ရှုခင်းတွေနဲ့ခြယ်သထားပေးမယ့်လဲ ထူးဆန်းမှုဆိုတာဘယ်တော့မှအမြဲတမ်းသိမ်မွေ့နေတယ်မရှိပါဘူး…
ဒါကြောင့် Magmell ရဲ့အန္တရာယ်ရှိတဲ့အခြေအနေတွေကိုကိုင်တွယ်နိုင်စွမ်းရှိတဲ့ “Angelers” လို့ခေါ်ကြတဲ့လူတွေဟာ ထူးဆန်းတာတွေကိုလေ့လာဖို့အတွက်လာကြတဲ့သူတွေကို အကူအညီပေးဖို့ရာအတွက်ရောက်လာကြပါတယ်
သူတို့ထဲကမှ တမူထူးခြားပြီး အရည်အချင်းပြည့်ဝတဲ့ Angeler တစ်ဦးကတော့ MC ဖြစ်တဲ့ Inyou ပဲဖြစ်ပြီး သူ့ရဲ့ လက်ထောက် Zero နဲ့အတူဘယ်လိုဘယ်ပုံ လေ့လာသူတွေကိုအကူအညီပေးကြမယ်ဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်
ဒိ series လေးကိုကြာသပတေးနေ့တိုင်းတင်ပေးသွားမာပါ ????